အိပ်ချ်အိုင်ဗီပိုးကို ဟန့်ထားရန် ကျွန်ုပ် ကွန်ဒုံးလိင်တံအစွပ် အသုံးပြုသည်။ ၎င်းမှာ ကျွန်ုပ်အတွက် အသုံးကျပါသည်။

Available in English


ကွန်ဒုံးလိင်တံအစွပ်များ

ကွန်ဒုံးလိင်တံအစွပ်များသည် လွန်ခဲ့သော နှစ် ၄၀ အတွင်း အိပ်ချ်အိုင်ဗီပိုးနှင့် ကာလသားရောဂါ ဟန့်တားရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ၎င်းသည် အိပ်ချ်အိုင်ဗီပိုးဟန့်တားရေး ဆေးပစ္စည်းကိရိယာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေသေးသည်။

၎င်းမှာ မည်သည်နည်း။

ကွန်ဒုံးလိင်တံအစွပ် ဆိုသည်မှာ စအို၊ မိန်းမအင်္ဂါ သို့မဟုတ် ရှေ့ပေါက်ဖြင့် လိင်ဆက်ဆံခြင်း အပါအဝင်ဖြစ်သော လိင်ဆက်ဆံစဉ် သင် သို့မဟုတ် အခြားသူ၏ လိင်တံပေါ် စွပ်သွင်းတပ်ဆင်ရသည့် ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုဖြစ်သည်။

၎င်းသည် မည်သို့ အသုံးကျသနည်း။

ကွန်ဒုံးလိင်တံအစွပ်များသည် လိင်ဆက်ဆံစဉ် ခန္ဓာကိုယ်အရည်များ လူတစ်ဦးမှ အခြားတစ်ဦးသို့ ကူးပြောင်းသွားခြင်းကို ဟန့်တားသည့် အတားအဆီးများအဖြစ် လုပ်ပေးပါသည်။ အိပ်ချ်အိုင်ဗီပိုးနှင့် အခြားသော အချို့ကာလသားရောဂါများသည် ခန္ဓာကိုယ်အရည်များတွင် ရှိနေနိုင်သည်။

လိင်ဆက်ဆံတိုင်း ကွန်ဒုံးလိင်တံအစွပ်များကို မှန်ကန်စွာအသုံးပြုမှသာ အသုံးကျပါသည်။

၎င်းကို မည်သို့ အသုံးပြုရသနည်း။

လိင်ဆက်ဆံနေစဉ်အတွင်း ကွန်ဒုံးလိင်တံအစွပ်များကို သင် သို့မဟုတ် သင့်လိင်ဆက်ဆံဖက်၏ လိင်တံတွင် စွပ်၍တပ်ဆင်ရပြီး ကိစ္စပြီးဆုံးပြီးနောက် ဖယ်ရှားလိုက်ရသည်။ ကွန်ဒုံးလိင်တံအစွပ်ကို မှန်ကန်စွာအသုံးပြုရန် သင်သည် တပ်ဆင်နည်းနှင့် ပြန်ချွတ်နည်း အမှန်ကို သိရန်လိုအပ်ပါသည်။ နောက်ထပ်အချက်အလက်များအတွက် ဤဗီဒီယိုကို ကြည့်ရှုပါ။

New Zealand AIDS Foundation မှ ကွန်ဒုံးလိင်တံအစွပ်အသုံးပြုနည်း ဗီဒီယိုကို ကြည့်ပါ။

၎င်းတို့ကို မည်သို့ ရယူရမည်နည်း။

ဆေးဆိုင်များ၊ စူပါမားကတ်များ၊ လိင်ကျန်းမာရေးဌာနများနှင့် HIV/AIDS အဖွဲ့အစည်းအချို့ တို့မှ ကွန်ဒုံးလိင်တံအစွပ်များကို သင် ရနိုင်ပါသည်။

၎င်းတို့မှာ ကျွန်ုပ်အတွက် ဖြစ်ပါသလား။

ကွန်ဒုံးလိင်တံအစွပ်များကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ပြီး စျေးနှုန်းသက်သာကာ အခြား အိပ်ချ်အိုင်ဗီပိုး ဟန့်တားရေးနည်းအားလုံးနှင့် အသုံးပြုရန်အတွက် ကိုက်ညီမှု အပြည့်အဝ ရှိပါသည်။ လိင်ဆက်ဆံမှုမျိုး အားလုံးအတွက် လိင်ဆက်ဆံတိုင်း ကွန်ဒုံးလိင်တံအစွပ်များကို မှန်ကန်စွာ အသုံးပြုခြင်းသည် ကာလသားရောဂါဟန့်တားရေး၏ လက်ရှိ အကောင်းဆုံးနည်းလည်း ဖြစ်ပါသည်။

ကွန်ဒုံးလိင်တံအစွပ်များကို သမားရိုးကျအားဖြင့် စိတ်ချရသော်လည်း တစ်ခါတစ်ရံ စွပ်ထားရာမှလျှိုကျွတ်သွားနိုင်သည် သို့မဟုတ် ပေါက်ပြဲသွားနိုင်သည်။ ဤသို့ဖြစ်သွားပါက သို့မဟုတ် ကွန်ဒုံးလိင်တံအစွပ်ကို မသုံးပါက အိပ်ချ်အိုင်ဗီပိုးကို လိုအပ်ချိန်တွင် ဟန့်တားစေခြင်းအတွက် PEP ဆေးအကြောင်း သိရှိပါ။

သင် လိင်ဆက်ဆံတိုင်းတွင်တော့ ကွန်ဒုံးလိင်တံအစွပ်များ မသုံးပါက PrEP သည် သင့်အတွက် သင့်လျော်သည် ဟုတ်/မဟုတ် သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။

ကွန်ဒုံးလိင်တံအစွပ်များနှင့် ကာလသားရောဂါများ

ကွန်ဒုံးလိင်တံအစွပ်များသည် အိပ်ချ်အိုင်ဗီနှင့် အခြားသော ကာလသားရောဂါများကို ဟန့်တားရန် အရေးကြီးသော အချက်ဖြစ်သော်လည်း ကွန်ဒုံးလိင်တံအစွပ်အသုံးပြုခြင်းသည် သင့်အား ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသော ကာလသားရောဂါများမှ ကာကွယ်မှု အမြဲတမ်းတော့ ပေးမည် မဟုတ်ကြောင်း မကြာသေးမီက သုတေသနအရ သိရသည်။

အဘယ်ကြောင့်ဆိုသော် အချို့သော ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသော ကာလသားရောဂါများ STIs ဖြစ်ကြသည့် ကလမီဒီယာ၊ ဂနိုရောဂါနှင့် ဆစ်ဖလစ်ရောဂါတို့သည် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၊ နှုတ်ခမ်းသား (ပါးစပ်-စအိုနှင့် ထိတွေ့ခြင်း) နှင့် အားရပါးရစုပ်၍ နမ်းခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ အကယ်၍ သင် အိပ်ချ်အိုင်ဗီပိုးနှင့် အခြားသော ကာလသားရောဂါများကို ဟန့်တားရန် ကွန်ဒုံးလိင်တံအစွပ်များကို ပုံမှန်သုံးပါက ပုံမှန် ကျန်းမာရေးစစ်ဆေးရန် အလွန်အရေးကြီးပါသည် သို့မှသာ သင် ကူးစက်နိုင်သည့် ကာလသားရောဂါတစ်ခုခုကို အလျင်အမြန် ဖော်ထုတ်နိုင်ပြီး ကုသမှု ခံယူနိုင်မည်ဖြစ်ပါသည်။

ကွန်ဒုံးလိင်တံအစွပ်သည် အိပ်ချ်အိုင်ဗီပိုးဟန့်တားရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

ကွန်ဒုံးလိင်တံအစွပ် အကြံပြုချက်များ

ကွန်ဒုံးလိင်တံအစွပ်များသည်

  • တစ်ခါသုံးအတွက်သာဖြစ်သည်ကို မမေ့ပါနှင့်၊
  • အုပ်စုဖွဲ့လိင်ဆက်ဆံမှုတစ်ခုတွင် လိင်ဆက်ဆံဖက်အသစ်တိုင်းအတွက် ကွန်ဒုံးလိင်တံအစွပ်အသစ်ကို အသုံးပြုပါ၊
  • လိင်ဆက်ဆံအရုပ်များကို အတူသုံးစွဲသည့်အခါ ကွန်ဒုံးလိင်တံအစွပ်များကို သုံးပါ။ တစ်ယောက်မှ အခြားတစ်ယောက်ထံ လွှဲပြောင်းပေးသည့် လိင်ဆက်ဆံအရုပ်ကို မည်သည့်အချိန်၌မဆို ကွန်ဒုံးလိင်တံအစွပ်အသစ် တပ်ဆင်ပေးပါ၊
  • အဆီအခြေခံသောချောဆီများသည် ရောဘာအခြေခံလုပ်ထားသည့် ကွန်ဒုံးလိင်တံအစွပ်များကို ထိခိုက်စေနိုင်သောကြောင့် ရေအခြေခံချောဆီသုံးခြင်းသည် အကောင်းဆုံးဖြစ်သည်၊
  • ကွန်ဒုံးလိင်တံအစွပ်များကို အိပ်ရာဘေးမှာ ထားပါ သို့မဟုတ် သင်နှင့်အတူ ဆောင်ထားပါ သို့မှသာ သင့်နေရာတွင်ဖြစ်စေ ၊ သူ့နေရာတွင်ဖြစ်စေ သို့မဟုတ် တစ်နေရာရာတွင်ဖြစ်စေ လိင်ဆက်ဆံရန်ကြုံလာချိန်တွင် ကွန်ဒုံးလိင်တံအစွပ်များကို အလွယ်တကူ သုံးနိုင်မည်ဖြစ်သည်။

ကွန်ဒုံးလိင်တံအစွပ်များသည် ကာလသားရောဂါများကို ကာကွယ်ရန် အကောင်းဆုံးဖြစ်သည်။