လိုအပ်လျှင် အိပ်ချ်အိုင်ဗီပိုးကို ဟန့်တားရန် ကျွန်ုပ် PEP ဆေးကို သောက်ပါသည်။ ၎င်းမှာ ကျွန်ုပ်အတွက် အသုံးကျပါသည်။

Available in English


ပိုးထိတွေ့ပြီးနောက် ကာကွယ်ဆေးသုံးစွဲခြင်း (PEP)

PEP ဆေးဆိုသည်မှာ အဘယ်နည်း။

ပိုးထိတွေ့ပြီးနောက် ကာကွယ်ဆေးသုံးစွဲခြင်း(PEP) ဆိုသည်မှာ ကွန်ဒုံးလိင်တံအစွပ်မသုံးဘဲ လိင်ဆက်ဆံခြင်း သို့မဟုတ် ဆေးထိုးအပ်ကိရိယာ အတူသုံးစွဲခြင်းမှတစ်ဆင့် အိပ်ချ်အိုင်ဗီပိုးနှင့် ထိတွေ့ခဲ့နိုင်သည်ဟု သင် ထင်မြင်ပါက သင်သောက်နိုင်သော လေးပတ်စာ အိပ်ချ်အိုင်ဗီပိုး-တိုက်ဖျက်ဆေးဖြစ်ပါသည်။ PEP ဆိုသည်မှာ အိပ်ချ်အိုင်ဗီပိုးနှင့်ထိတွေ့နိုင်ခဲ့ပြီးနောက် ၇၂ နာရီအတွင်း အကောင်းဆုံးက အမြန်ဆုံး ၎င်းဆေးကိုသောက်လျှင် သင့်ခန္ဓာကိုယ်တွင်းသို့ အိပ်ချ်အိုင်ဗီပိုးဝင်ရောက်ခြင်းကို ဟန့်တားပေးနိုင်ပြီး သင့်အား အိပ်ချ်အိုင်ဗီပိုးရှိသူ ဖြစ်လာခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

PEP ဆေးကို ၇၂ နာရီအတွင်း သောက်ရန်လိုအပ်သည်။

PEP ဆေးအကြောင်း သိထားသင့်သည့် အချက် ၅ ချက်

PEP ဆေးသောက်လျှင် ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာ ရှိပါသလား။

PEP ဆေးသောက်ခြင်းဖြင့် တစ်ခါတစ်ရံ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သော်လည်း ယင်းတို့သည် လူတစ်ဦးနှင့်တစ်ဦးတွင် မတူကွဲပြားကြသည်။ ဘေးထွက်ဆိုးကျိုးများတွင် ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ပါဝင်နိုင်သည်။ ဤဘေးထွက်ဆိုးကျိုးအချို့ကို သင့်ခန္ဓာကိုယ်အပေါ် သက်ရောက်မှုလျှော့ချရန် အခြားဆေးဝါးများဖြင့် ကုသနိုင်သော်လည်း PEP ဆေးများကို ၎င်း၏ အာနိသင် အများဆုံးရရှိစေရန် ၂၈ ရက်လုံး ဆက်လက်သောက်သုံးရန် အရေးကြီးပါသည်။
အချို့သောလူများတွင် ဘေးထွက်ဆိုးကျိုးလုံးဝ မခံစားရကြောင်း မှတ်သားထားရန် အရေးကြီးသည်။ အကယ်၍ သင် ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ၎င်းတို့ကို မည်ကဲ့သို့ ကုသပေးရမည်ကို သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။

သင့်တွင် အိပ်ချ်အိုင်ဗီပိုးနှင့် ထိတွေ့မှုရှိသည်ဟု ထင်မြင်ပါက PEP ဆေးသောက်ရန် စဉ်းစားပါ။


PEP ဆေးသောက်ရန်လိုသည်ဟု ထင်မြင်လျှင် မည်သည့်နေရာသို့ သွားရမည်နည်း။

အကယ်၍ သင် ဗစ်တိုးရီးယားတွင် နေထိုင်ပါက PEP INFOLINE ဖုန်း ၁၈၀၀ ၈၈၉ ၈၈၇ ကို ဆက်သွယ်ပါ။ PEP INFOLINE သည် သင့်အား PEP ဆေးကို မည်သို့မည်ပုံနှင့် မည်သည့်နေရာတွင် ရယူရမည့်အကြောင်း ပြောပြပေးနိုင်ပါမည်။ ထို့ပြင်၊ ၎င်းတို့သည် သင်၏ ထိတွေ့မှု အန္တရာယ်ကိုအခြေခံ၍ PEP ဆေးသည် သင့်အတွက် သင့်လျော်သော နည်းလမ်း ဟုတ်/မဟုတ် အကြံဉာဏ်ပေးနိုင်ပါသည်။

PEP ဆေးသောက်ခြင်းနှင့် မည်သည့်နေရာတွင် ရနိုင်ကြောင်းကို ပိုမိုသိရှိရန် GET PEP
ဝက်ဘ်ဆိုက် တွင်ကြည့်ရှုပါ။