အိပ်ချ်အိုင်ဗီပိုး (HIV) ဆိုသည်မှာ အဘယ်နည်း။
အိပ်ချ်အိုင်ဗီ (HIV) ဆိုသည်မှာ လူ့ကိုယ်ခံအား နိမ့်ချစေသည့် ဗိုင်းရပ်စ်ပိုး (Human Immunodeficiency Virus) ကို ရည်ညွှန်းသည်။ အိပ်ချ်အိုင်ဗီပိုးသည် ကိုယ်ခံအားကို တိုက်ခိုက်သောဗိုင်းရပ်စ်ပိုးဖြစ်ပြီး မကုသဘဲထားပါက ပြင်းထန်သော နာမကျန်းခြင်း သို့မဟုတ် အသက်သေဆုံးခြင်းကို ဖြစ်စေနိုင်သည်။ အိပ်ချ်အိုင်ဗီပိုးကို သွေး၊ သုတ်ရည်၊ မိန်းမကိုယ်အရည်နှင့် စအိုအမြှေးပါးအရည်များတွင် တွေ့နိုင်ပါသည်။ လိင်ဆက်ဆံစဉ် အိပ်ချ်အိုင်ဗီပိုးသည် ထိုအရည်များမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်သည်။
အိပ်ချ်အိုင်ဗီပိုးသည် အေအိုင်ဒီအက်စ်ရောဂါ ဖြစ်စေနိုင်သော ဗိုင်းရပ်စ် ဖြစ်သည်။