ကျွန်ုပ်သည် ရှာမတွေ့နိုင်သော ဗိုင်းရပ်စ်ပမာဏ ရှိသည့် လိင်ဆက်ဆံဖက်များနှင့် ဆက်ဆံပါသည်။ ၎င်းမှာ ကျွန်ုပ်အတွက် အသုံးကျပါသည်။

Available in English


ရှာမတွေ့နိုင်သော ဗိုင်းရပ်စ်ပမာဏ (UVL)

အိပ်ချ်အိုင်ဗီပိုးအန္တရာယ်နှင့် ဆက်စပ်၍ ဗိုင်းရပ်စ် ပမာဏ (Undetectable Viral Load (UVL)) အဓိပ္ပါယ်နှင့် ရှာမတွေ့နိုင်သော ဗိုင်းရပ်စ် ပမာဏ (Viral load (UVL)) ၏ယူဆချက်ကို ဤအပိုင်းတွင် ရှင်းပြထားသည်။

ဗိုင်းရပ်စ် ပမာဏ (Viral load) ဆိုသည်မှာ အဘယ်နည်း။

ဗိုင်းရပ်စ် ပမာဏ (Viral Load) ဆိုသည်မှာ သွေးထဲတွင် လည်ပတ်နေသည့် အိပ်ချ်အိုင်ဗီပိုးပမာဏကို ရည်ညွှန်းပြီး ၎င်းကို သွေးစစ်ခြင်းဖြင့် တိုင်းတာသည်။

အဖြေရလာသောအခါ၊ ဗိုင်းရပ်စ် ပမာဏကို ကိန်းဂဏန်းဖြင့် ဖော်ပြပါသည်။ ကိန်းဂဏန်းကို သွေး တစ်မီလီလီတာတွင် ဗိုင်းရပ်စ် ပိုးဆင့်ပွားအရေအတွက် မည်မျှရှိသည်ကို ဖော်ပြသည် (copies/ml အဖြစ် ရေးသည်)။ ဗိုင်းရပ်စ် ပမာဏ (Viral load) သည် ပိုးဆင့်ပွား/မီလီလီတာ ၂၀ အောက်မှ တစ်သန်းကျော်အထိ ရှိနိုင်သည်။ အရပ်သားစကားအရ ဗိုင်းရပ်စ်ပိုးပမာဏသည် HIV ရောဂါပိုးရှိသူ၏ သွေးထဲတွင် ပျံ့နှံ့နေသော ဗိုင်းရပ်စ်ပမာဏကို ရည်ညွှန်းသည်။

ဗိုင်းရပ်စ် ပမာဏ (Viral load) သည် သွေးထဲ လည်ပတ်နေသော ဗိုင်းရပ်စ်ပမာဏကို ရည်ညွှန်းသည်။

ရှာမတွေ့နိုင်သော ဆိုသည့်အဓိပ္ပါယ်မှာ အဘယ်နည်း။

ရှာမတွေ့နိုင်သော ဗိုင်းရပ်စ် ပမာဏအဆင့် ဆိုသည်မှာ သင့်ခန္ဓာကိုယ်တွင်းရှိ ဗိုင်းရပ်စ်ပမာဏအဆင့်သည် အဆင့်တစ်ခုသို့ နိမ့်ကျသွားပြီး ၎င်းကို လက်ရှိစစ်ဆေးနည်းများဖြင့် ရှာ၍ မတွေ့နိုင်သည့်အခါကိုဆိုလိုသည်။ အကယ်၍ လူတစ်ဦးတွင် ရှာမတွေ့နိုင်သော ဗိုင်းရပ်စ် ပမာဏ (UVL) ရှိနေပါက ထိုလူ၏ခန္ဓာကိုယ်သည် အိပ်ချ်အိုင်ဗီပိုးကင်းစင်သွားသည် သို့မဟုတ် ပျောက်သွားသည်ဟု မဆိုလိုပါ၊ ခန္ဓာကိုယ်တွင်း အိပ်ချ်အိုင်ဗီပိုးပမာဏအဆင့်မှာ အလွန်နိမ့်ကျသွားပြီး ၎င်းကို လက်ရှိ စစ်ဆေးနည်းများဖြင့် ရှာ၍မတွေ့နိုင်တော့သည်ကိုသာ ဆိုလိုပါသည်။

ထိရောက်သော အိပ်ချ်အိုင်ဗီပိုးကုသနည်းများဖြင့် ကုသခံနေသော အိပ်ချ်အိုင်ဗီပိုးရှိသူများသည် ၎င်းတို့၏ ဗိုင်းရပ်စ် ပမာဏကို နိမ့်ကျသောအဆင့်များ သို့မဟုတ် ရှာ၍ မတွေ့နိုင်သောအဆင့်များတွင် ထိန်းသိမ်းထားနိုင်လေ့ရှိကြသည်။

U=U – Undetectable ဆိုသည်မှာ မကူးစက်နိုင်သော ဆိုသည့်အဓိပ္ပါယ်ကိုဆောင်သည်။

U=U နှင့်အတူ အိပ်ရာထဲ

The Institute of Many မှထုတ်လွှင့်သည့် အောက်ပါ ဗီဒီယိုကို ကြည့်ရှုပါ။

ဗိုင်းရပ်စ် ပမာဏနှင့် ကွန်ဒုံးလိင်တံအစွပ်သုံး၍ လိင်စပ်ယှက်ခြင်း

လက်ရှိ သုတေသနပြုချက်များအရ ရှာမတွေ့နိုင်သောဗိုင်းရပ်စ် ပမာဏ (UVL) အဆင့် တည်တည်မြဲမြဲရှိပြီး ထိရောက်သော ကုသမှုခံယူနေသည့် အိပ်ချ်အိုင်ဗီပိုးရှိသူသည် ကွန်ဒုံးလိင်တံအစွပ်မပါဘဲ လိင်ဆက်ဆံစဉ်အတွင်း အခြားသူများသို့ အိပ်ချ်အိုင်ဗီပိုးကူးစက်နိုင်စွမ်း မရှိတော့ဟုဆိုသည်။

PARTNERS Study လေ့လာမှုအရ ကွန်ဒုံးလိင်တံအစွပ်မပါသော စအိုအတွင်း လိင်ဆက်ဆံမှု၌ လူတစ်ဦးတွင် အိပ်ချ်အိုင်ဗီပိုးရှိသော်လည်း ရှာမတွေ့နိုင်သော ဗိုင်းရပ်စ် ပမာဏ (UVL) ရှိပြီး အိပ်ချ်အိုင်ဗီပိုးမရှိသူအခြားတစ်ဦး ပါဝင်သော ယောက်ျားလိင်တူချစ်သူစုံတွဲပေါင်း ၂၂ ၀၀၀ ကျော်ကို လေ့လာခဲ့ပါသည်။ ၎င်လေ့လာမှုတွင် အိပ်ချ်အိုင်ဗီပိုးကူးစက်မှု လုံးဝမရှိကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။ ၎င်းမှာ ဗိုင်းရပ်စ် ပမာဏ (viral load) နှင့် အိပ်ချ်အိုင်ဗီပိုးကာကွယ်ခြင်းဆိုင်ရာ လေ့လာမှုများစွာထဲမှ တစ်ခုမျှသာဖြစ်သည်။

လွယ်လွယ်ပြောရလျှင် အကယ်၍ လူတစ်ယောက်တွင် ရှာမတွေ့နိုင်သော ဗိုင်းရပ်စ် ပမာဏ (UVL) တည်မြဲနေပါက အိပ်ချ်အိုင်ဗီပိုးကူးစက်မှု အန္တရာယ် လုံးဝ မရှိပါ။ ဆိုလိုသည်မှာ ရှာမတွေ့နိုင်သော ဗိုင်းရပ်စ် ပမာဏ (UVL) ရှိခြင်းအားဖြင့် အိပ်ချ်အိုင်ဗီပိုးကူးစက်မှုကို ကာကွယ်ရန် လက်ရှိ၌ အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။

ရှာမတွေ့နိုင်သော ဗိုင်းရပ်စ် ပမာဏ တည်မြဲနေခြင်းအားဖြင့် အိပ်ချ်အိုင်ဗီပိုးကူးစက်မှု အန္တရာယ် လုံးဝ မရှိပါ။

ဗိုင်းရပ်စ် ပမာဏ (Viral load) နှင့် အခြားသော ကာလသားရောဂါများ

ရှာမတွေ့နိုင်သော ဗိုင်းရပ်စ် ပမာဏ ရှိနေခြင်းအားဖြင့် အခြားသော ကာလသားရောဂါများ STIs မှ သင့်အား ကာကွယ်ပေးမည် မဟုတ်သည့်အပြင် ကွန်ဒုံးလိင်တံအစွပ်မပါဘဲ လိင်ဆက်ဆံနေစဉ်အတွင်း အိပ်ချ်အိုင်ဗီပိုးကို ကာကွယ်ရန် သင်နှင့် သင့်လိင်ဆက်ဆံဖက်(များ) က ဤနည်းလမ်းကိုသုံးလိုလျှင် သင့်အနေဖြင့် အိပ်ချ်အိုင်ဗီပိုးမှလွဲ၍ အခြားသော ကာလသားရောဂါများအတွက် ပုံမှန်လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးရန် လိုအပ်သည်ကို နားလည်ရန် အရေးကြီးပါသည်။

ကွန်ဒုံးလိင်တံအစွပ်များ မည်သို့ရှိပါသလဲ။

ကွန်ဒုံးလိင်တံအစွပ် သည် အိပ်ချ်အိုင်ဗီပိုးမှလွဲ၍ အခြား ကာလသားရောဂါများကို ဟန့်တားရန် အထိရောက်ဆုံးနည်းလမ်း ဖြစ်နေသေးသော်လည်း ၎င်းတို့သည် သင့်အား ကာကွယ်မှု အပြည့်အဝ မပေးနိုင်သောကြောင့် ကာလသားရောဂါများအတွက် ပုံမှန်စစ်ဆေးရန် အရေးကြီးပါသည် သို့မှသာ ထိုရောဂါများကို ဖော်ထုတ်နိုင်ပြီး ကုသပေးနိုင်မည်ဖြစ်သည်။